ဒလမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကွင်းဆင်းဆောင်ရွက်

ဒလ  စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေ စိုးမိုးရေး၊ အုပ်ချုပ်ရေး၊ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကြောင်းဟူ၍ မြိုနယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး () ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းက  အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း  အဖွဲ့ခေါင်းဆောင် မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ခေါင်းဆောင်၍ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊  အမှတ်() အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်() အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၁၇) မူလတန်းကျောင်းများသို  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်တွေ လိုက်နာဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး တစ်ကျောင်းလုံး ကာကွယ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ပညာရေးစစ်ကြောင်းအဖွဲ့က ကွင်းဆင်းကြီးကြပ် လမ်းညွှန် အကြံပြုခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပညာရေးစစ်ကြောင်းကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်() အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဆည်မြောင်းနှင့်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနများမှ ကျောင်းများ၏ ဆောင်ရွက်မှုအခြေအနေများပေါ်တွင် လိုအပ်ချက်များကို ထပ်မံဆွေးနွေးခြင်း၊ ကောင်းမွန်သော စီအစဉ်ဖြစ်စေရန် အကြံပြုလမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီတာဝင်း(ပြန်ဆက်)