သတင်းများ

လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကော်မတီများအား စာရင်းဇယားများ ရေးသွင်းနည်းသင်တန်းဖွင့်လှစ်
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့ နံနက်က မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကော်မတီများအား စာရင်းဇယားများ ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ လူရွေးပွဲကျင်းပ
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်ဖလးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ လူရွေးပွဲအား ယနေ့နံနက် (၈)နာရီအချိန် က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ပူပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်များ မီးဘေးလုံခြုံရေး စစ်ဆေး ဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းတွင် မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့များဖြင့် မော်တော်ယာဉ်များ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်း ရှိ၊မရှိ စစ်ဆေးအကြံပေးခြင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်၌ အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ရပ်ကွက်/ကျေးရွာများရှိ အခြေခံအိမ်ထောင်စုဝင်များ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်က မြန်အောင် မြို့နယ် ရှားတောကျေးရွာအုပ်စု ရှားတောအမှတ်(၅)ရပ်ကွက်၌ ဆန်၊ ဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရ သည်။
မူဆယ်မြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ Community Centre ခန်းမ၌ ယနေ့နေ့လည် ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများနှင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချ
Sep 23,2022
နွမ်းပါးပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဆန်ရိက္ခာ ဝယ်ယူစားသုံးနိုင်ရန်နှင့် စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ်(၆၊ ၇၊ ၈၊ ၉၊ ၁၀)ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာတို့အား ဇီယျာဆန်(၁)ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေး လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီ၌ အမှတ်(၆) ရပ်ကွက်အတွင်းတွင် ဆန်(၁၁၀၀)ပြည်အား သွားရောက် ရောင်းချပေးခဲ့သည်။
ဒေးဒရဲမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက ကံစု​ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Sep 23,2022
နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းကျော်သူ၊ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်အေးမြင့်ခိုင်၊