ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ကြံခင်း စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက (အ ထ က-၁) အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။

ပထမဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းက ကျောင်းသား၊ ကျောင်းသူများ  ယာဉ်စည်းကမ်း လိုက်နာရန်နှင့် အသက်(၁၈)နှစ်မပြည့်လျှင် ဆိုင်ကယ်စီးနင်းခြင်းမပြုရန်၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့၏ ရှေးဦးသူနာပြုစုခြင်းလုပ်ငန်း ရည်ရွယ်ချက်(၄)ရပ်နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီးနောက် (အ.ထ.က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များအား ယာဉ်အန္တရာယ်နှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြ ဟောပြောပေးခြင်းနှင့် ပတ်သက်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်    မြို့နယ်တပ်ဖွဲ့မှူး ဦးရဲမြင့်မြတ်မှ (အ.ထ.က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေး မော်အား Level-3(၅)စုံနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စာအုပ်များအား ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို လက်ကမ်းစာစောင်(၃၀၀)ဖြန့်ဝေပေးခြင်း၊ မြိုနယ်ကြက်ခြေနီ အသင်းခွဲမှ တပ်ခွဲမှူး ဒေါ်မိုးမင်းစန်းနှင့် တပ်ခွဲမှူး ဦးစည်သူထွန်း၊ ဒု-တပ်ခွဲမှူး ဒေါ်မေဇင်ဖြိုး၊ အရာခံဗိုလ် သက်ဝင်းခိုင်တို့က ယာဉ်အန္တာရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရန်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အချက်ပြအမှတ်အသား များဖြင့် သရုပ်ပြပြီး ကျောင်းသား၊ ကျောင်းသူများကို အမေးအဖြေများ ပြုလုပ်ပေးခဲ့သည်။

အလားတူ ကြံခင်းမြို့ ရွှေတောင်စု(အ မ က)ကျောင်းခန်းမတွင်လည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေး စေရန် အသိပညာပေး ဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)