ကာလိ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကိုယနေ့နံနက် (၇)နာရီခွဲအချိန်တွင် ကာလိမြို့ ပြည်ထောင်စုလမ်းမကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်းပြီး ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်း (Mask) မတပ်ဘဲ သွားလာကြသည့် ပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်ပြည်သူများ၊ ခရီးသွားပြည်သူများတို့အား နှာခေါင်းစည်း (Mask)များ အခု (၁၅၀၀)ခန့် အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။
ကာလိ(ပြန်/ဆက်)