သတင်းများ

ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများအဆင်ပြေ
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာနကော့မှူး၌ စာဖတ်ဝိုင်းကျင်းပ
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစု‌ပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းများဖြစ်စေရေး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များညှိနှိုင်းဆွေးနွေး
Sep 23,2022
ကချင်ပြည်နယ်၏ ရေမြေတောတောင်သဘာဝ အလှအပရှုခင်းများ၊ သဘာဝသယံဇာတအရင်း အမြစ်များစွာ ကြွယ်ဝမှုအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် သဘာဝအခြေခံ သည့် ခရီးသွားလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။
လှိုင်းဘွဲမြို့နယ်ပေါ်ရပ်ကွက်များအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက် ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများပေးအပ်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်မည့် အသင်းများအား ကြိုဆို မိတ်ဆက်
Sep 23,2022
၂၀၂၂ ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 23,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်ဘီးကျေးရွာတွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် လိုအပ်သော အာဟာရများကို ရရှိစေရန်အတွက် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ကွမ်ဘီကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် ကသဲကုန်းကျေးရွာ၌ မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ 
Sep 23,2022
နိုင်ငံတော်အစိုးရ၏ ပြည်သူများဆီစားသုံးမှု ဖူလုံရေးစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့် ဒေသခံတောင်သူများပူးပေါင်း၍  ကသဲကုန်းကျေးရွာတွင်  (၁၅) ဧကစမ်းသပ်စိုက်ပျိုးခဲ့ကြရာ ရေဆင်း-၁(စပ်မျိုး)မိုးနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်း ရေကြီးနှစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ တိရစ္ဆာန်အစာ ဖြန့်ဝေပေးအပ်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ရေကြီးနှစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ တိရစ္ဆာန်အစာ ဖြန့်ဝေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။