သတင်းများ

ကျောက်ကြီးမြို့နယ်၌ တိုက်ပွဲရှောင်လာရောက်နေသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မြို့ပေါ်ရပ်ကွက်များသို့ တိုက်ပွဲရှောင်လာရောက်နေသူများအား ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးရပ်ကွက်၊ မြို့တွင်းဘုန်းတော်ကြီးကျောင်း မိုးကုတ်ဓမ္မရိပ်သာဓမ္မာရုံနှင့် သိမ်တန်းရပ်ကွက်က သစ်ဝိုင်းဓမ္မရိပ်သာဓမ္မာရုံတို့တွင် စုရပ်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်
Sep 23,2022
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Club အသင်းတို့ပူးပေါင်း၍ စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ)ရေးသားထားသော “ဒေးလ်ကာနက်ဂျီ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် အ.ထ.က (ခွဲ) လမ်းသမိုင်ရွာလေး ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 23,2022
အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က (ခွဲ) လမ်းသမိုင်ရွာလေး ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Sep 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊
မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌  စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငပုတောမြိုနယ်၊ သင်္ကန်ကုန်းကျေးရွာအုပ်စုတွင် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်များဆက်လက်ရောင်းချပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖွဲ့မှ ဝင်ငွေနည်း ပါးသော ပြည်သူများအား စျေးနှုန်း သက်သာစွာဖြင့် ဆန်များဝယ်ယူ နိုင်ရေးအတွက် ဒေသထွက်ငစိန်ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းနှင့် စက်တင်ဘာ ၂၂ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ  ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများအား ယူရီးယားမြေဩဇာ (ဒုတိယအကြိမ်)ပံ့ပိုးရောင်းချခြင်းအခမ်းအနားကျင်းပ
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌တိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများအား ယူရီးယားမြေဩဇာ (ဒုတိယအကြိမ်)ပံ့ပိုးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်(၁ဝး၃၀)အချိန်တွင် အမှတ်(၂၁)ရပ်ကွက်(လိန်ကုန်း) အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသတွင်းမှ ငါးမွေးကန် လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေသက်သာစေရေးအတွက် ရည်ရွယ်ကာ ယနေ့ နံနက်(၇)နာရီတွင် ကျိုက်လတ်မြို့၊ မြို့မဈေးအနီးတွင် ဈေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေးခဲ့သည်။