မိုးညှင်း စက်တင်ဘာ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေး အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉)နာရီက လူစည်ကားရာနေရာများဖြစ်သည့် လမ်းဆုံလမ်းခွနေရာများတွင် တာဝန်ရှိသူများက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်း၍ မြို့မရပ်ကွက်ရှိ ဆေးရုံလမ်းဆုံနှင့် နားခါရပ်ကွက်ရှိ မီးသတ်ရုံး လမ်းရှေ့တို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း မရှိသော ပြည်သူများအား ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်ကမ်ပိန်းပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင်(မိုးညှင်း)