သတင်းများ

ကရသူရိမြို့တွင် ပန်းပင်စိုက်ပျိုးရောင်းချ၍ မိသားစုစားဝတ်နေရေး အဆင်ပြေ
Sep 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင်  ပန်းပင်စိုက်ပျိုးရောင်းချမှုဖြင့် မိသားစုစားဝတ်နေရေး ဖူလုံလျက်ရှိကြောင်းသိရသည်။
ထားဝယ်မြို့တွင် စားသုံးဆီများကို အများပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူနိုင်ရန်ရောင်းချပေး
Sep 23,2022
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကြီးကြပ်မှုဖြင့် စားသုံးဆီများကို ပြည်သူများသက်သာချောင်ချိသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး ဈေးကားများဖြင့် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ အာဇာနည်လမ်း၊ စည်ပင်သာယာဈေးကြီးအရှေ့တွင် စားသုံးဆီများကို အများ ပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်
Sep 23,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကော့သောင်းခရိုင် လူမှုဝန်ထမ်းရုံးမှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်နှင့်အညီ ပြုလုပ်ကျင်းပသည်။
သာပေါင်းမြို့နယ်တွင် ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌအဖွဲ့နှင့် ကျေးရွာအုပ်စု(၇)စုမှ တောင်သူများတွေ့ဆုံ
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ကုလားဝဲကျေးရွာ၊ သစ္စာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပုသိမ်ခရိုင် စိုက်တိုးမြင့် ကော်မတီအဖွဲ့နှင့် ကျေးရွာအုပ်စု(၇)စုမှ ဒေသခံတောင်သူများ တွေ့ဆုံခဲ့ကြသည်။
မိုင်းရှူးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မိုင်းရှူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်၌ mobile  library စနစ်ဖြင့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေး
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library   စနစ်ဖြင့်စာအုပ် စာစောင်များအခမဲ့ကွင်းဆင်းငှားရမ်းပေး ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ် အရောက် စာအုပ်စာစောင်များ အခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
ငပုတောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၁၇၉၂)ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
Sep 23,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၇၉၂)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်လိုက်လံပေး အပ်လျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျမောင်းနှင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ရန်ကုန်-မန္တလေးလမ်း၊ အုတ်တွင်းမြို့အထွက် Toll Gate နေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။