သတင်းများ

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၄/၂၀၂၂)ကျင်းပ
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး(၄/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေး
Sep 23,2022
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြည်သူ့စာကြည်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများအား ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာလာရောက်အသုံးချတတ်စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ “လူကုန်ကူးမှုတိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့” နံရံကပ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသ
Sep 23,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ နံရံကပ်နှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက်(၈)နာရီအချိန်က မင်္ဂလာဒုံမြိုနယ်၊ ၂/က ရပ်ကွက်အတွင်းရှိ ဓမ္မသုခအတွင်းလမ်း၊ အပြင်လမ်းတို့တွင် နေထိုင်လျက်ရှိသည့်အိမ်ခြေ(၉၀)ခန့်အား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
တံတားဦးမြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 23,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 23,2022
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျုံပျော်မြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်/လမ်းစည်းကမ်း စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 23,2022
ယာဉ်တိုက်မှုကြောင့် နှစ်စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိရာ ထိုသို့မဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့ အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် မော်တော်ယာဉ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေး ပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကွင်းဆင်း
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဇီးဒိုင်းကျေးရွာအုပ်စု၊ မင်းလမ်းကူးကျေးရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။