ဓနုဖြူ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (၁၈)ရပ်ကွက်၊ မြို့အဝင်လမ်းဆုံတွင် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသည်တင်ယာဉ်၊ သုံးဘီးယာဥ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရန် ယာဉ်မောင်းလိုင်စင်/ ယာဉ်လိုင်စင်ပါရှိရေး၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းစေရေး၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန် တပ်ဆင်ထားရှိရေး၊ နံပါတ်ပြားတပ်ဆင်ထားရှိရေး၊ ပါဝါအိတ်ဇောများ မတပ်ဆင်ရေး၊ ဆိုင်ကယ်စီးလျှင် (၂)ဦးထက်ပို၍ မစီးစေရေး၊ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းမပြုစေရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုမရှိသော ယာဥ်များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန် အသိပညာပေးပြီး နှာခေါင်စည်း(Mask)များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)