မြို့သစ် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မရဲစခန်းမှူးတို့က မှုခင်းကျဆင်းရေးအသိပညာပေး အကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့/ မိခင်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ အထက-၁ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/သူများ တက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)