ဒေးဒရဲ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေးဒရဲမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၊ အပြင်ရှိ မြက်ပင်နှင့် ခြုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်များသိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းလွင် ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲများရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား၊ ရဲမေစသည့် တပ်ဖွဲ့ဝင် စုစုပေါင်း (၄၀)ဦးတို့က ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း