သတင်းများ

ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Sep 26,2022
ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအခမ်းအနားကို  ယမန်နေ့လယ် (၂) နာရီက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်နှင့်ဟင်း သီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချနေမှု၌ ကိုဗစ်-၁၉ အသိပညာပေး Mask Campaign ဆောင်ရွက်
Sep 26,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချမှုနှင့်ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်ကအမ်းတပ်နယ်စျေး အနီးလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
ချောက်မြို့၌ ရပ်ရွာအ​ခြေပြုလူကုန်ကူးမှု စိစစ်​ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်
Sep 26,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ရပ်ရွာအ​ခြေပြုလူကုန်ကူးမှု စိစစ်​ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယ​နေ့ နံနက် ၉ နာရီအချိန်က​ ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ် ကျောင်းတိုက်တွင် တရားစခန်း သိမ်းပွဲကျင်းပပြုလုပ်
Sep 26,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့မြို့မဂိုဏ်းချုပ်ကျောင်းတိုက် သာသနာ့ဟိကာရီ ကျောင်းဆောင်အပေါ်ထပ်တွင် ဝါတွင်း (၃)လ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အချိန်ပိုင်းတရားစခန်းသိမ်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်း (၆)နာရီ အချိန်ကပြုလုပ်ခဲ့သည်။
တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 26,2022
တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို စက်တင်ဘာလ ယနေ့ နံနက်(၈)နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့မစျေးရှေ့နှင့် ဘီအိုစီရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွစျေးကြီးတွင် စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်းကမ်ပိန်းဆောင်ရွက်
Sep 26,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွတိုက်နယ်၊ ကုက္ကိုခွဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်စေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်း (၁၀)နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများနှိုးဆော်
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  အသိပညာပေးနှိုးဆော်ချက်များကို ယနေ့ နံနက် (၉) နာရီခွဲအချိန်ခန့်က  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။