သတင်းများ

မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေပေး
Sep 26,2022
မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို ၂၀၂၂ ခုနှစ်၊ ယနေ့ နံနက် (၈)နာရီခွဲအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အဆင့်(၂)အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 26,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက် အဆင့်(၂)အရ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆောင်းနေကြာစိုက်ခင်း ဧကပေါင်းတစ်သောင်းငါးထောင်ကျော် တိုးချဲ့စိုက်ပျိုးမည်
Sep 26,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံမှုရရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ခုနှစ်အတွင်း ဆောင်းနေကြာစိုက်ခင်းဧကပေါင်း တစ်သောင်းငါးထောင်ကျော် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
မိုင်းဖြတ်မြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေး အသိပညာပေးနှိုးဆော်
Sep 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကူးစက်​ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈နာရီက  ယန်းခမ်းကျေးရွာနှင့်  ဝမ်မိုင်ရပ်ကွက် များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ငွေဆောင်တွင် Computer, Printer နှင့် စာကြည့်တိုက်သုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ငွေဆောင်တွင် အလှူရှင်ဦးရဲသူရ (တောင်ကြီးမြို့)မှ ကျောင်းအတွက် လှူဒါန်းထားသော (၁၀,၀၀၀,၀၀၀)သိန်းတစ်ရာကျပ် တန်ဖိုးရှိသော Computer, Printer နှင့် စာကြည့်တိုက်သုံးဗီရိုများ၊ စာအုပ်များနှင့် အခြားပစ္စည်းများ ပေးအပ်လှူဒါန်းသော အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောစျေးနှုန်းများဖြင့် မြို့ပေါ်ရှိရပ်ကွက်များအား လှည့်လည်ရောင်းချပေး
Sep 26,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းများဖြင့် ယနေ့နံနက်က ဝန်ဇင်းရပ်ကွက်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်း၍  ဟောပြာပွဲ ဆွေးနွေး ကျင်းပပြုလုပ်
Sep 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများ အရောက် ကွင်းဆင်းဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဟောင်ကန် ကျေးရွာအုပ်စု၊ ဝမ်ယမ်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ အခြေခံပညာမူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရုံး Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတိရှိန်မြှင့်တင်ရေး၊ လူငယ်များစာပေဖတ်ရှုမှု အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုရှိစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။