ဓနုဖြူ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က စတင်ရောင်းချပေးလျက် ရှိသည်။
ထို့သို့ရောင်းချပေးရာတွင် ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခမရ (၁၀၈)မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ဆန် (၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ကြက်ဥ (၆)လုံးလျှင် (၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၂၀၀)ကျပ်နှုန်းနှင့် တပ်မတော်စက်ရုံမှ ထုတ်လုပ်သော ပစ္စည်းများအား ဓနုဖြူမြို့နယ်အတွင်းရှိ လူဦးရေ (၆၀၀)ခန့်အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ဓနုဖြူမြို့တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်နှင့်စားသောက်ကုန်စ္စည်းများ ရောင်းချပေးခြင်းကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)