Round Baler (ကောက်ရိုးထုံးစက်) အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်း သရုပ်ပြဆောင်ရွက်
Jan 28,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာရှိ တောင်သူဦးထွန်းထွန်းဦးပိုင် ကွင်းအမှတ် ၅၇၀/ ခ၊ ပေါက်အင်းကွင်း၊ ကွင်းအမှတ် ၁၅/ ၁ ရှိ၄.၉၈ ဧကလယ်မြေတွင် ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက Round Baler (ကောက်ရိုးထုံးစက်)၊ Rotary Mulcher (ကောက်ရိုး ဖြတ်ခုတ်စက်)များအသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်းများ သရုပ်ပြပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။