ဟုမ္မလင်း ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြှင့်မားရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားထားသည့် " အလုပ်ဆိုတာအင်အားပါ " စာအုပ်နှင့် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Woman Club) ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဟုမ္မလင်းမြို့၊ ( Woman Club)အဖွဲ့ဝင်ဥက္ကဋ္ဌ ဒေါ်ဒုံစေ့က၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူ(Woman Club)၊ အသင်းဝင် နန်းမဉ္ဇူအေးက "အလုပ်ဆိုတာအင်အားပါ" စာအုပ်ပါ "အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ချင်းစာစိတ်ထားနိုင်ပါစေ၊" "အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင် အများနှင့် ပြေလည်အောင်ဆက်ဆံတတ်ပါစေ"၊ "အလုပ်လုပ်တဲ့နေရာမှာ အောင်မြင်ချင်ရင် မှန်ကန်တဲ့သူအဖြစ် အများကလက်ခံ အောင်ကြိုးစားပါ၊"စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Woman Club) အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်စောစန္ဒာဝင်း၊ ဒေါ်သန္တာလွင်တို့နှင့်အတူ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက "အလုပ်ဆိုတာအင်အားပါ " စာအုပ်ပါ အလုပ်နှင့်ပတ်သက်သော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့ကြပြီးနောက် ဟုမ္မလင်းမြို့နယ်(Woman Club)အသင်းဥက္ကဋ္ဌ၊ ဒေါ်ဒုံစေ့က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်တွင် အကြောင်းအရာ ကဏ္ဍစုံလင်စွာဖြင့် ဆောင်းပါးပုဒ်ရေ ၃၀ ဖြင့် စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)က ရေးဖွဲ့ထားပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ပဉ္စမအကြိမ် အုပ်ရေ ၅၀၀ ကို ဝင်းရတနာစာပေက ပုံနှိပ်ထုတ်ဝေထားကြောင်း သိရှိရပါသည်။
ဟုမ္မလင်း(ပြန်/ဆက်)