သဲကုန်းမြို့တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 28,2025
ရာသီဥတုပြောင်းလဲမှုအကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များစသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။