သတင်းများ

မရမ်းကုန်းမြို့နယ်၌ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နနက်(၉)နာရီအချိန်က အလုံမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှုး၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးလောင်ကျွမ်းမှုထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ဆီထွက်သီးနှံ(နေကြာ)စီမံကိန်း စိုက်ပျိုးခြင်း သွင်းအားစုများ ပေးအပ်
Jan 29,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ(နေကြာ)စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ၊ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ
Jan 29,2025
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာကိုကိုလင်း (အမေ့အိမ်)ရေးသားသည့် "လူကြီးတွေက စပြင်ပါ (လူငယ်ခံစားမှုအတွေးစာစုများ)" စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့ စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြဇတ်တိုက်လေ့ကျင့်
Jan 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိဈေးများ မီးဘေးအန္တရာယ်ကင်း‌ဝေးရေးအ‌တွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က စည်ပင်သာယာ‌မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ် စတင်ဆောင်ရွက်
Jan 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်စတင်ဆောင်ရွက်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး
Jan 28,2025
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလားဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်နှင့် စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် ၊ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျောက်တန်းမြို့၊ အောင်မိုးခိုင်ဂဏန်းပျော့မွေးမြူရေးလုပ်ငန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။