ဒလမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ) အကြိမ် ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဒလ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ) အကြိမ် ကျောင်းတွင်း‌ နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကမာကဆစ်ရပ်ကွက်ရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်းနှင့် ဘုရင့်နောင်ရပ်ကွက်ရှိ အမှတ် (၁၉) အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

အာဟာရကျွေးမွေးရာ၌ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ (၅၆) ‌ဦး၊ အမှတ် (၁၉) အခြေခံပညာမူလတန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ (၅၅) ဦး စုစုပေါင်း KG ကျောင်းသား၊ ကျောင်းသူ (၁၁၁) ဦးတို့အား ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစေရန် အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့်ရေဓါတ်စသည် တို့ပါဝင်သော အာဟာရဖြစ်စေမည့် ထမင်း၊ ရွှေဖရုံသီဟင်း၊ ပဲ၀ါ လေးဟင်း၊ ကြက်ဥ၊ ဖီးကြမ်းငှက်‌ပျောသီးစသည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြသည်။

အဆိုပါ‌ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့၀င် (၂) ဦးရွှေလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး၊ ကျန်းမာရေး၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။

ခင်စန္ဒာမြင့် (ပြန် /ဆက်)