ကန့်ဘလူခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Jan 29,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဖိတ်ကြားထားသော စာပေဝါသနာရှင်များပူးပေါင်း၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်(၉)မှ ညီညီဖေရေးသားသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားကောင်းမွန်ရေးဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။