သတင်းများ

ပလောက်မြို့တွင် တာဝန်ရှိသူများပူးပေါင်း၍ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Jan 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က တာဝန်ရှိသူများ  ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရေဖြူမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jan 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနက  ယနေ့နံနက် ၁၀ နာရီအချိန်တွင်  “အကျိုးကျေးဇူးမျိုးစုံရရှိဖို့စိုက်ပျိုးပြုစုထိန်းသိမ်းစို့” ဆောင်ပုဒ်နှင့်အညီ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  အခြေခံပညာအထက်တန်း‌ကျောင်း၊ ရေဖြူ၌ ပြုလုပ်ခဲ့သည်၊၊
ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဆုကိုယ်ပိုင်အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓယတ်ပုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်
Jan 28,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ ရပ်ကွက်/ ကျေးရွာများနှင့် စက်မှုလုပ်ငန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဝင်းပဲကြော် ပဲလှော်ဖိုစက်ရုံတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်(Community Centre)ခန်းမ၌ ပန်းချီပြိုင်ပွဲကျင်းပ
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(အ.လ.က)ရွှေမြကွင်းကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ( ၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးစီမံကိန်း ကြက်သွန်နီ စိုက်ပျိုး
Jan 28,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၌ ဒေသတွင်းစားသုံးမှုဖူလုံစေရန်အတွက် ကြက်သွန်နီသီးနှံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရမည်းသင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကြက်သွန်နီ(၁၀၅၀)ဧက စိုက်ပျိုးထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီဌာနမှ သိရသည်။
ပုလောမြို့နယ် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 28,2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် (၃၂)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကျင်းပမည်
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္ဇနိကာယမဟာသီဝံကျောင်းတိုက်တွင် (၃၂)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲအား ဖေဖော်ဝါရီ(၅)ရက်နေ့မှ(၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်အတွင်းမှ မဟာဝါတန်း၊ ပါရဇိကတန်း၊ စူဠပဗ္ဗ ပထမအဆင့်၊ စူဠပဗ္ဗဒုတိယအဆင့် ရဟန်းတော်များ၊ ရှင်သာမဏေများမှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။