ရေနံချောင်း ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား/ကျောင်းသူလေးများကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အိုးဘိုရပ်ကွက် အ.မ.က(၅)ဓာတ်မီးကျောင်းနှင့် အ.မ.က(၈)ဗိုလ်ချုပ်ကျောင်းတို့တွင် ဆောင်ရွက်သည်။
ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် ကျောင်းသား/ကျောင်းသူလေးများ အာဟာရပြည့်ဝပြီး ကြီးထွားဖွံ့ဖြိုးစေရန်နှင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဉာဏ်သွေးထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးအေးဝင်းနှင့် ဆရာ/ဆရာမများက အာဟာရပြည့်ဝပြီး ကျန်းရေးနှင့်ညီညွတ်သော အစာအာဟာရများကို သန့်ရှင်းစွာချက်ပြုတ်ပြင်ဆင်၍ ကျောင်းသား/ကျောင်းသူလေးများအား နေ့လယ်စာကျေးမွေးခဲ့ပြီး အစာအာဟာရ၏အရေးပါမှုနှင့် အစာအုပ်စုများအကြောင်းကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)