မိုင်းခုတ် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဇန်နဝါရီလ၊ ဒုတိယအကြိမ် (KG) ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွေးမွေးခြင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မေစိုးမှ အာဟာရရှိသော ကြက်သားချက်၊ အာလူးချောင်းကြော်၊ ကန်စွန်းဥပြုတ်၊ ပုဇွန်တုကြော်နှင့် ထမင်း စသည့်တို့ကိုလည်းကောင်း၊ ကျောင်းကော်မတီအဖွဲ့ဝင်မိဘများမှ အာဟာရနို့ဘူးများအားလည်းကောင်း (KG) ကလေးငယ် စုစုပေါင်း (၂၉) ဦးအား ကျွေးမွေးခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)