နောင်တရားမြို့ အ.ထ.ကကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

နောင်တရား ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပသည်။

အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် ပင်လောင်းမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်ငွေက ကျောင်းပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်းကို ပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအယ်အောင်ဒင်မိုင်က အမှာစကားပြောကြားသည်။ အ.ထ.ကနောင်တရား ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးနွယ်က ကျောင်းသားနှင့်မိဘ စုပေါင်းဆောင်ရွက်မှုစွမ်းအားသည် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေကြောင်း ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသားများပေါ်ထွန်းရေးမှာ အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုင်းညီညီက ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ပညာရေး၊ အားကစားနှင့် အခြားနယ်ပယ်များတွင် ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက စည်းလုံးခြင်းအတွက် သီးချင်းတစ်ပုဒ် သီးချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)