မိုင်းယန်းမြို့၌ အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်း စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းျများစိစစ် အတည်ပြုနိုင်ရေးဆောင်ရွက်မှုလုပ်ငန်းစဉ် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြို့နယ်ဦးစီးမှူး (ရွေးကောက်ပွဲအရာရှိ) ဒေါ်သန်းမေလှိုင်ဦးက အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများစိစစ် အတည်ပြုနိုင်ရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များအား အသေးစိတ်တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာရပ်ကျေးစာရေးများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူက လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်မြို့နယ်မှူး ဦးညွှန့်ဝင်းက အိမ်ထောင်စုလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး