Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြသပွဲ ကျင်းပ
Jan 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယမန်နေ့မွန်းလွဲ (၁) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ (၅၂) အမှတ် (၈) စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြုတီဘီရောဂါ ရှာဖွေဖော်ထုတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.ကပြင်ခရိုင် ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်ဆန်းတောရတပ်ဦးကျောင်း၌ (၁၉၉) ကြိမ်မြောက် မိုးကုတ်ဝိပဿနာ(၁၀)ရက် “ဝိဇာတ” တရားစခန်းပွဲကို ယောဂီ(၁၀၀၀)ကျော်ဖြင့် ဖွင့်လှစ်လျက်ရှိ
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၌ (၁၉၉)ကြိမ်မြောက် မိုးကုတ်ဝိပဿနာ(၁၀)ရက် “ဝိဇာတ” တရားစခန်းပွဲကို ယောဂီ(၁၀၀၀)ကျော်ဖြင့် အဆိုပါကျောင်းတိုက် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ်(၇၇)တွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် နွေစပါး ၇၉၇၃ ဧက စိုက်ပျိုးရန်လျာထား
Jan 28,2025
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် တောင်ညိုဆည်နှင့် ဘော်ဘင်ဆည်တို့မှ ပို့လွှတ်သောဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ဧက (၇၉၇၃) လျာထားဆောင်ရွက်လျက်ရှိရာ (၂၅၃၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) တက်ရောက်
Jan 28,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက ကျွဲတဲရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် အသိပညာပေးမြေစိုက်ဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးနံရံကပ်စာစောင်နှင့်မှတ်တမ်းဓာတ်ပုံများ ပြသ
Jan 28,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ စာကြည့်တိုကအရှေ့ရှိ အသိပညာပေးမြေစိုက်ဘုတ်တွင် မိဘပြည်သူများ၊ ကျောင်းသား/ သူများနှင့် ခရီးသွားပြည်သူများ လေ့လာသိရှိနိုင်ရန် ပြသပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1614
Page
1615
Page
1616
Page
1617
Current page
1618
Page
1619
Page
1620
Page
1621
Page
1622
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department