ရွှေဘိုမြို့၌ KG ကျောင်းသားကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်
Jan 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရ ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နေ့လယ်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။