ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ

ဖျာပုံ အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို အောက်တိုဘာလ(၁၁) ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ အမှတ်(၁) ရပ်ကွက်၊ ဖျာပုံတံတားကြီးအောက်၊ ချောင်းတွင်းလမ်းမကြီးဘေး နှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသီဟန်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အ​ကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးနှိုးဆော်မှုများကို မြို့ပေါ်လူစည်ကားရာနေရာများဖြစ် သော ဖျာပုံမြို့ အမှတ်(၁) ရပ်ကွက်၊ ဖျာပုံတံတားကြီးအောက်၊ ချောင်းတွင်းလမ်းမကြီးနှင့် လူစည်ကားရာနေရာများ တွင် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွား၊ လမ်းလာပြည်သူများအား၊ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)