အထက်မင်းလှ အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပညာရေးဌာနမှကြီးမှူး၍ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းကို ယနေ့နံနက် ၈ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်းတွင်း ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
သင်တန်းတွင် မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းနည်းပြ ဆရာ/ ဆရာမများက ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုဗစ်-၁၉ရောဂါနှင့် ဆက်စပ်သော ရှေးဦးပြုစုခြင်း အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ဒဏ်ရာပတ်တီးစည်းနည်း၊ ရှေးဦးပြုစုမည့်သူများ လိုက်နာရမည့်အချက်များ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေး လျက်ရှိသည်။
အဆိုပါ သင်တန်းကို အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသို့ မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၈) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)