ဇလွန်မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ဇလွန် အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ နယ်မြေအလိုက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သက်ဆိုင်ရာကျောင်းနှင့် မြို့နယ်အတွင်း မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရန်၊ မြို့နယ်အားကစား အဆင့်အတန်း တိုးတက်လာစေရန် မိမိ၏ကျောင်း၊ မြို့နယ်၏ ဂုဏ်ကိုဆောင်နိုင်သော အားကစားသမားများ ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုတန်းအပ်ခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ ဓိဌာန်လေးချက်ရွတ်ဆို၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် ဧည့်သည်တော်များက အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေးအဖွဲ့အား အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

ဇလွန်မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံနယ်မြေအလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ​မြို့မတိုက်နယ်ဘောလုံးအသင်းနှင့် ဒေါင့်ကြီးတိုက်နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ မြို့မတိုက်နယ်ဘောလုံးအသင်းက ၄ ဂိုး ၀ ဖြင့် အနိုင် ရရှိပြီး ဇလွန်မြို့နယ် ပညာရေးကော်မတီ ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံနယ်မြေအလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘောလုံးအသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြီးပြိုင်ပွဲကို (၁၁.၁၀.၂၀၂၂) ရက်နေ့မှ (၁၈.၁၀.၂၀၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)