တံတားဦး အောက်တိုဘာ ၁၁
တံတားဦးခရိုင် တံတားဦးမြို့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် အထွဋ်အမြတ်ထားသည့် သီတင်းကျွတ်လပြည့်နေ့နှင့် လပြည်ကျော် (၁)ရက်နေ့တို့တွင် ဘုရားစေတီပုထိုးများ၊ ကျောင်းကန်များတွင် ဆီမီးပူဇော်ခြင်းနှင့် မီးထွန်းပွဲများ ပြုလုပ်ကြသည်။
ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဘုရားရှင်အား ကြိုဆိုဦးခိုက်ပူဇော်သောအားဖြင့် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့မှ လပြည့်ကျော်(၁)ရက်နေ့အထိ သုံးရက်တိုင်တိုင်ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာများ၊ နေအိမ်များ၊ လမ်းများ၊ ဆီမီးများ၊ ရောင်စုံမီးအလှများ ၊ မီးသီး၊ မီးချောင်းများဖြင့် မြို့ရွာအလိုက် ဆီမီးပူဇော်ပွဲနှင့် မီးထွန်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် ရှေးဟောင်းသမိုင်းဝင်ဘုရားများ၊ တန်ခိုးကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၌ နေ့ထူးနေ့မြတ်ဖြစ်သည့် ပန်း၊ ရေချမ်း၊ ဆီမီးများ၊ အမွှေးနံ့သာများ ထွန်းညှိကပ်လှူ ပူဇော်ကြကြောင်းလည်း သိရသည်။
ရဲတင့်(ပြန်/ဆက်)