ပန်းတောင်း အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းစိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံက်ပိုင်းက ခတ္တိယကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအေးကြိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှဦးတင့်လွင်က စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စိုက်ပျိုးမည်ဆိုပါက သီးထပ်၊ သီးညှပ်စိုက်ပျိုးရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေ၊ တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။ တက်ရောက်လာသောဒေသခံပြည်သူများက သိရှိလိုသည်များကိုပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနများမှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)