လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်

လိပ်သို  အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစောဝေါ် ကွောထူး (ရုပ်သံ-၃)  က ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ အလုပ်သမားဥပဒေအရ  အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်၊ ကလေးသူငယ်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ ကလေးအလုပ်သမားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် အထွေထွေထိခိုက်ဆုံးရှုံးမှုများ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ  ဥပဒေ အရ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊  တည်ဆဲဥပဒေနှင့်အညီ ကလေးသူငယ်များ ရရှိခံစားရမည့် အခွင့်အရေးများ၊ အကာကွယ်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည် ဆိုင်ရာပြဋ္ဌာန် ချက်များ၊ သိမှတ်ဖွယ်ရာများတို့ကို ရုံးရှေ့နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကလေးသူငယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)