ကျွန်းလှ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ လူနေမှုဘဝ နေ့စဉ်စားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးခြင်းကို ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တန်ထမ်းများက ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ ကြက်ဥငါးလုံးပါ အခြေခံစားသောက်ကုန်ပစ္စည်းလေးမျိုး ငွေကျပ် ၃၀၀၀ ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ အိမ်ထောင်စု ၂၀၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ