နတ်တလင်း အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၆၂)ကြိမ်မြောက် သံဃာ့ဂိုဏ်းပေါင်းစုံမှထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များ၊ အလှူရှင်များက အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ကြွက်နွယ်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှငါးပါး သီလခံယူဆောက် တည်ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦး၊ သကျမဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအေးကိုနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များမှအပူဇော်ခံဆရာတော်ကြီး (၉)ပါးအား တစ်ပါးလျှင် အလှူငွေ ၂ သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားဟောကြားခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌထုသုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)