စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်

စဉ့်ကိုင် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင် ပြီး ဝင်ငွေတိုးစေရန်ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၉) နာရီက  ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရခြင်းမှာ အိမ်ရှင်မများ မိမိအိမ်မှာနေထိုင်ပြီး မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်တဲ့ အိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်ဖြစ်ထွန်း နိုင်ခြင်း၊ မိမိတို့နေအိမ်တွင် အသုံးပြုနိုင်သော ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်  အသုံးပြုနိုင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးစေရန်ရည်ရွယ်၍ အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ဒေါ်လဲ့လဲ့ရီ၊ နည်းပြ (မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်) က ဆပ်ပြာဆီပြုလုပ်ပုံ အဆင့်ဆင့်တွင် ပါဝင်သောပစ္စည်းများဖြစ်သည့်  N70 ဂျယ်၊ SLS အမြုပ်ကိုထွက်ပေါ်စေသော ပစ္စည်း ၊ Nacl ဆားပျစ်၊ အရောင်အစရှိသည်များကို အချိုးအစားအလိုက် အသုံးပြုပြီး  အသင့်သုံး ဆပ်ပြာဆီ ပြုလုပ်ပုံများကို သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ  စိတ်ပါ ဝင်စားသူများ၊ ကျောင်းသူများက တက်ရောက်ခဲ့ကြပြီး ဆပ်ပြာဆီပြုလုပ်နည်းနှင့် ပါဝင်သော ပစ္စည်းများကို အချိုးကျရောစပ်ကာ ကိုယ်တိုင်လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)