မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးဆောင်ရွက်
Oct 11,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ မကူးစက်မပြန့်ပွားစေရေးအတွက် အရှိန်အဟုန်မပြတ် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးခြင်းများကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ မုံရွာမြို့ရှိ ပြည်သူအများဆုံးသွားလာသော မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်း ကန်သာယာဈေးအနီးတွင် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။