သတင်းများ

မကွေးမြို့ မြသလွန်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော် ရိုးရာခြင်းလုံးအလှခတ်ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲနှင့်ရိုးရာခြင်းလုံးအလှခတ်ပြပွဲကျင်းပ
Oct 17,2022
မကွေးမြို့ မြသလွန်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော် ရိုးရာခြင်းလုံးအလှခတ်ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော ရိုးရာခြင်းလုံးအလှခတ်ပြပွဲနှင့် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးမြို့၊ မြသလွန်ဘုရားကုန်းမြေ၊ သုဘောဂဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများကျင်းပပြုလုပ်
Oct 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
တွံတေးမြို့နယ်တွင် နေကြာစိုက်ပျိုးသွားမည့် တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧက လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် နေကြာစိုက်ပျိုးသွားမည့် ဒေသခံတောင်သူများထံသို့ နေကြာမျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီမိနစ်၃၀ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်၊ ချမ်းသာလှဆုတောင်းပြည့်စေတီတော်တွင် သံဃာ့ဒါန စာရေးတံမဲနှင့်ဆွမ်းလောင်းလှူပွဲ ကျင်းပ
Oct 17,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းသာလှဆုတောင်းပြည့် စေတီတော်၏ နှစ်စဉ်ကျင်းပလျက်ရှိသည့် သံဃာ့ဒါနစာရေး တံမဲနှင့်ဆွမ်းလောင်းလှူပွဲကို ဓမ္မစကြာဝိမာနကျောင်းတိုက် အတွင်းရှိ ဘုရားရင်ပြင်တွင် ယနေ့နံနက် (၇) နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Oct 17,2022
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးချိန် ထွန် ၊ ထယ်ငှားလိုက်သူများအဆင်ပြေ
Oct 17,2022
တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ယာမြေများ ထွန်ရေး၊ ထယ်ရေး ညက်စေရန် ထွန်၊ ထယ်များငှား၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နေ့စားထွန်၊ ထယ်အငှားလိုက်သူများ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ၂/ ကရပ်ကွက်၌ အသက် (၁၅) နှစ်အောက် ကလေးများအား ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေးထိုးနှံ
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ၂/ ကရပ်ကွက် နှစ်ကျိပ် ရှစ်ဆူဓမ္မရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၁၅)နှစ်အောက် ကလေးများအား ဂျပနဦးနှောက်အမှေးရောင် ကာကွယ်ဆေးများကို ယနေ့ နံနက်(၁၀) နာရီအချိန်က ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Oct 17,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။