သတင်းများ

မောက်မယ်မြို့ရွာသစ်ကျေးရွာတွင်ရုံးပတီသီးများစျေးကောင်းရသဖြင့်မိသားစုများအဆင်ပြေ
Oct 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင်  စျေးကောင်းရသဖြင့် မိသားစုများ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ကျေးရွာများအရောက် ဆောင်ရွက်ပေး
Oct 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဇူလိုင်လ ၁၂ ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ဆောင်ရွက်လျက်ရှိလာခဲ့ရာ အောက်တိုဘာလ ၁၅၊ ၁၆ ရက်နေ့များက ကျေးရွာအုပ်စု(၉)စုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ပေး ဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာတို့က‌ ကျေးရွာများသို့ သွားရောက်ဆောင်ရွက် ပေးလျက်ရှိကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ မြောင်းမြမြို့ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်း (MSME) လုပ်ငန်းများနှင့် ဒေသသုတေသနဗဟိုခြံသို့ သွားရောက်ကြည့်ရှုအားပေး
Oct 17,2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြမြို့ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်း (MSME) လုပ်ငန်းများနှင့် ဒေသသုတေသန ဗဟိုခြံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
မအူပင်ခရိုင်တွင် ဆိုက်ဘာပြစ်မှုနှင့်တည်ဆဲဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
Oct 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ဆိုက်ဘာပြစ်မှုနှင့် တည်ဆဲဥပဒေအကြောင်း သိကောင်းစရာ အသိပညာ‌ပေး Talk Showကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်
Oct 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၀ လုံး ပြိုလဲပျက်စီးခြင်းနှင့် ၇၃ လုံး အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မဟာသာကျေးရွာအုပ်စု မဟာသာကြီး ဘုန်းတော်ကြီးကျောင်းတိုက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မြောင်းမြခရိုင်နှင့်လပွတ္တာခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 16,2022
မြောင်းမြခရိုင်နှင့်လပွတ္တာခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနှင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ် ဆောင်ရွက်ထားမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့နှင့် ယနေ့နံနက် ၉ နာရီတွင် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြင်းခြံ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ ပုညသဟာယ နေ့စဉ်အရုဏ်ဆွမ်းလောင်း အသင်းတွင် သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူ
Oct 16,2022
 မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော် များအား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့ နံနက် (၅) နာရီ အချိန်က မြင်းခြံ ပုညသဟာယ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းတွင် လောင်းလှူခဲ့ကြောင်း သိရသည်။