မင်္ဂလာဒုံမြို့နယ် ၂/ ကရပ်ကွက်၌ အသက် (၁၅) နှစ်အောက် ကလေးများအား ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေးထိုးနှံ

မင်္ဂလာဒုံ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ၂/ ကရပ်ကွက် နှစ်ကျိပ် ရှစ်ဆူဓမ္မရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၁၅)နှစ်အောက် ကလေးများအား ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေးများကို ယနေ့ နံနက်(၁၀) နာရီအချိန်က  ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင်  မြို့နယ်ကျန်းမာရေးဆရာမ ဒေါ်ခင်မြတ်နိုးဦးနှင့်အဖွဲ့က ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ကို သယ်ဆောင်လာသည့် ခြင်ကိုက်ခံရပါက ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကူးစက်မှုတားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်အတွင်းရှိ ကလေး (၂၅၀) ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်​ဆေးများကို လာရောက်ထိုးနှံကြပါရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်မင်းနှင့် အဖွဲ့များက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မြတ်သူဇာ  (မင်္ဂလာဒုံ )