ပုသိမ်ကြီးမြို့နယ်၊ ချမ်းသာလှဆုတောင်းပြည့်စေတီတော်တွင် သံဃာ့ဒါန စာရေးတံမဲနှင့်ဆွမ်းလောင်းလှူပွဲ ကျင်းပ

ချမ်းမြသာစည်  အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းသာလှဆုတောင်းပြည့် စေတီတော်၏ နှစ်စဉ်ကျင်းပလျက်ရှိသည့် သံဃာ့ဒါနစာရေး တံမဲနှင့်ဆွမ်းလောင်းလှူပွဲကို ဓမ္မစကြာဝိမာနကျောင်းတိုက် အတွင်းရှိ ဘုရားရင်ပြင်တွင် ယနေ့နံနက် (၇) နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သံဃာ့ဒါန စာရေးတံမဲနှင့်ဆွမ်းလောင်း လှူပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ အလှူရှင်များက ဆွမ်း၊ သင်္ကန်း၊ ဝတ္ထုငွေ အစရှိသည့် လှူဖွယ်ဝတ္တု အစုစုတို့ကို လောင်းလှူပူဇော်ခဲ့ကြကြောင်းနှင့် ဆွမ်းလောင်းပွဲသို့မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်တိုက် (၁၇၀)ကျော်မှ သံဃာတော်များ ကြွရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)