ဇလွန်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၀၇၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Oct 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်ဒုတိယသုံးလပတ် ( ဇူလိုင် ၊ သြဂုတ် ၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။