သတင်းများ

သန်လျင်၌ နေကြာစိုက်ပျိုးရေး တောင်သူအသိပညာပေးပြပွဲ အကြိုပြင်ဆင်မှုကြည့်ရှုစစ်ဆေး
Oct 17,2022
သန်လျင်ခရိုင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း နေကြာစိုက်ပျိုးမည့်တောင်သူများ မျိုးစေ့ပေးအပ်ပွဲနှင့် တောင်သူအသိပညာပေး မြို့နယ်အလိုက် ခင်းကျင်းပြသမည့် ပြခန်းနေရာများအား ယနေ့နံနက်တွင် သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်မင်းထိုက်သည် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်များမှ ပြခန်းပြသမည့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားကျင်းပမည့် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာရှင်းသန့်ခန်းမအား သွားရောက်ကြည့်ရှုပြီး အခမ်းအနားပြင်ဆင်ဆောင်ရွက်မည့် နေရာများသတ်မှတ်ပေးပြီး လုပ်ငန်းလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်
Oct 17,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန် စည်ပင်သာယာစျေးအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ မြို့နယ်စုပေါင်း မဟာဘုံကထိန်ပွဲကျင်းပနိုင်ရေး ညှိုနှိုင်းအစည်းအဝေး ပြုလုပ်
Oct 17,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပနိုင်ရေး ညှိုနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်နှင့် အားကစား အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်
Oct 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေလယ် ၁ နာရီအချိန်က ဆောင်ရွက်သည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Oct 17,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းများတပ်ဆင်၍ သွားလာစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ဒေါ်လန်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး Mask Campaign ဆောင်ရွက်
Oct 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်း‌ကျေးရွာအုပ်စု၊‌ ဒေါ်လန်းကျေးရွာတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Oct 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ထိုးနှံပေး
Oct 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့်ထိရောက်စွာကုသထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့သည်။