နဝမအကြိမ်မြောက် သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲကျင်းပ
Oct 16,2022
သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာဆရာများနေ့အထိမ်းအမှတ် နဝမအကြိမ်မြောက် သံတွဲမြို့နယ်လုံးဆိုင်ရာမြတ်ဆရာ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက သံတွဲမြို့ အထကခွဲ(မြို့မ)ကျောင်း၌ ကျင်းပပြုလုပ်ရာ အသက်(၇၀)နှစ်နှင့်အထက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီး(၁၁၁)ဦး တက်ရောက်အပူဇော်ခံခဲ့ကြကြောင်း သိရသည်။