သတင်းများ

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း(၈၅)ဦးရှိကြောင်းသိရှိရသည်။
လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းကျင်းပ
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ(၁)နာရီက လှည်းကူးပညာရေး ဒီဂရီကောလိပ်ပညာ အားမာန်ခန်းမတွင် လူငယ်စကားဝိုင်း ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းဘဲတန်းမြို့နယ်တွင် Mask Campaign စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက်(၁၁) နာရီတွင်   Mask Campaign ပြုလုပ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Oct 17,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရီအားကစားကွင်း၊ Multipurpose Stadium ခန်းမတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် Book Club အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့မွန်းလွဲ(၂) နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ အစည်းဝေးပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း လေ့လာရေးခရီးသွားဘုရားဖူးဧည့်သည် တစ်သိန်းကျော်ဝင်ရောက်ခဲ့
Oct 17,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးခရီးသွားဘုရားဖူးများ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း တစ်သိန်းကျော်ထိ လာရောက်ခဲ့ကြကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဦးမျိုးမင်း အောင်(လက်ထောက်ညွှန်ကြားရေးမှူး)ထံက သိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(အရာရှိ) သင်တန်း၊ စက်ခေါင်းမောင်း(တွဲရွှေ့)သင်တန်း၊ စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်းတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 17,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(အရာရှိ)သင်တန်း၊ စက်ခေါင်းမောင်း(တွဲရွှေ့)သင်တန်း၊ စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်းတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန် စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Women Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ပါရဂူရေးသားသည့် သမိုင်းသင်ခန်းစာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။