ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ထိုးနှံပေး

ပိုင်ကျုံ  အောက်တိုဘာ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့်ထိရောက်စွာကု သထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာ‌ရေးဝန်ထမ်းများတို့က  ပိုင်ကျုံမြို့တွင်ကိုဗစ်- ၁၉ရောဂါကာကွယ်   ဆေးအကြိမ် ပြည့်ထိုးနှံပြီးစီးမှုကာလ ၆လနှင့်အထက်ရှိသူများအား ပထမအကြိမ်ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံပေးခြင်းနှင့် ပထမအကြိမ်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးစီးမှု   ကာလပြည့်ပြီးသူများအား   ဒုတိယအကြိမ်   ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေး ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူများ ဆက်လက်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံအပတ်စဉ် အင်္ဂါနေ့နှင့်သောကြာ နေ့တွင် လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)