သတင်းများ

မိုင်းခတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Oct 18,2022
မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာအထက်တန်း‌ကျောင်း (မိုင်းခတ်)တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အားလပ်သည့် အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ စာဖတ်သည့် အလေ့အထရရှိစေရေးနှင့် စဉ်းစားတွေးခေါ်မှုမြှင့်မားစေရေးအတွက် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
သပိတ်ကျင်းတပ်နယ်မှ (၇) မိုင်ကျေးရွာရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေး
Oct 18,2022
မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် (၇) မိုင်ကျေးရွာ၌ ပြည်သူများ လိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် သပိတ်ကျင်းတပ်နယ်မှ (၇) မိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့နံနက် (၇) နာရီမှ (၉) နာရီခွဲခန့် အထိ ဒုတိယအ​ကြိမ် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူများ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်လင်း
Oct 18,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာ ဦးဝင်ထွန်းနှင့် ဝန်ထမ်းများမှ ယမန်နေ့နံနက် ၈ နာရီမှစ၍ လျှပ်စစ်ဓာတ်အားပေးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင်  စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ခုံလုတန်းပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတွဲဖက်ကာ ဆောင်းသီးနှံတစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မြေပဲစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့နယ် ဘောလုံးအသင်းမှ အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးဒိုင်း ဆုပေးအပ်ပွဲကျင်းပ
Oct 18,2022
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှ အားကစားနည်းများကို ကဏ္ဍအလိုက် ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ  မြို့နယ်အလိုက် မြို့နယ်အဆင့်အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်တွင် ကျင်းပခဲ့ရာ မြဝတီမြို့နယ်ကိုယ်စားပြု အမျိုးသားဘောလုံးအသင်းမှ အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးဒိုင်းဆု (ပထမ) ကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့ ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်စာအုပ်ငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိ
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များအား ခမောက်ကြီးမြို့အတွင်း နယ်လှည့်စာအုပ်ငှားရမ်းသည့်စနစ်ဖြင့် ယမန်နေ့ညနေပိုင်းက ငှားရမ်းပေးခဲ့သည်။
ပန်းတောင်းမြို့နယ် သူရဲတန်းကိုင်းခုံများတွင် ဆောင်းနေကြာစိုက်ပျိုးရေး ကိုတောင်သူများနှင့်တွေ့ဆုံ၍ကွင်းဆင်းဆောင်ရွက်
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်းကိုင်းခုံများတွင် ဆောင်းနေကြာစိုက်ပျိုးရေးကို တောင်သူများနှင့်ယမန်နေ့နေ့လယ်ပိုင်းက ပဲကြီစခန်း၌တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။