ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်

ဆွမ်ပရာဘွမ် အောက်တိုဘာ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန် စည်ပင်သာယာစျေးအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်စီးပွားရေးဘဏ်၊ ဆွမ်ပရာဘွမ်မြို့နယ် စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများပါဝင် ပူးပေါင်းအဖွဲ့များသည် ဆွမ်ပရာမြို့နယ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဥ်ကြီး၊ ယာဥ်ငယ်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆွမ်ပရာဘွမ်မြို့နယ် မြို့မစည်ပင်စျေးအနီး လမ်းပေါ်၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign လှုပ်ရှားမှု ပြုလုပ်ပြီး နှာခေါင်းစည်းအရေအတွက် ၃၂၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)