ကန့်ဘလူ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းများတပ်ဆင်၍ သွားလာစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်းရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ မြို့မစျေးနှင့်အနီးဝန်းကျင်နေရာများ၊ တပင်ရွှေထီးလမ်းနှင့်ယုဇန လမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၌ ပြည်သူများ နေအိမ်ပြင်ပသို့သွားလာပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရမည်ဖြစ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးကာ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း( ကန့်ဘလူ)